Monday, December 8, 2008
အဖြစ်အပျက်များ
အသက်တွေအသက်တွေ
ဖက်နဲ့ထုပ်ထားရသလား
အယူဝါဒတွေဂိုဏ်းဂဏစွဲတွေ
မဇျွိမပဋိမဋာမသိတဲ့သတ္တ၀ါတွေ
နေ့လားညလား
ခေါင်းလောင်းသံတိတ်နေတဲ့ကလေးတွေ
မီးဖွားဖို့မေ့နေတဲ့မိန်းမတွေ
ဘာသာရေးကိုမေ့နေတဲ့အဘိုးအဘွားတွေ
ဘ၀ဆိုတာ
ထမင်းစားဖို့သက်သက်လား
အနာဂါတ်ကိုသွားဖို့လား
အဲဒီမေးခွန်းတွေနဲ့
အို ..ဘဂ္ဂဒက်
ငါမတွေးရက်တော့ပြီ..။ ။
အောင်ဘညို
