ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

အဖြစ်အပျက်များ

Monday, December 8, 2008

အဖြစ်အပျက်များ

အသက်တွေအသက်တွေ
ဖက်နဲ့ထုပ်ထားရသလား

အယူဝါဒတွေဂိုဏ်းဂဏစွဲတွေ
မဇျွိမပဋိမဋာမသိတဲ့သတ္တ၀ါတွေ

နေ့လားညလား
ခေါင်းလောင်းသံတိတ်နေတဲ့ကလေးတွေ
မီးဖွားဖို့မေ့နေတဲ့မိန်းမတွေ
ဘာသာရေးကိုမေ့နေတဲ့အဘိုးအဘွားတွေ

ဘ၀ဆိုတာ
ထမင်းစားဖို့သက်သက်လား
အနာဂါတ်ကိုသွားဖို့လား
အဲဒီမေးခွန်းတွေနဲ့
အို ..ဘဂ္ဂဒက်
ငါမတွေးရက်တော့ပြီ..။ ။

အောင်ဘညို

1 Comment:

Zephyr said...

ဒီ စာရိုက်တဲ့သူကတော့ သတိထားလို့ထင်တယ် .... အောင်ဘုညို မဖြစ်သွားဘူး ....။ တာရာမင်းဝေ စာအုပ်ထဲမှာပါတဲ့ ဟာသကိုသတိရသွားလို့ ....။
အင်း ဘဂ္ဂဒက်တဲ့လား ...ကို အောင်ဘညိုရေ ... ။ ။