Friday, July 10, 2009
Song ကိုတော့ လူတော်တော်များများသိကြမှာပါ။ ခရစ္စတီနာရဲ့ကဗျာဖြစ်ပါတယ်။ကျွန်မ အဲဒီကဗျာလေးကိုပထမဆုံးဖတ်မိတာက ဆရာနီမင်းဆွေရဲ့ ချစ်သွေးဝေဝေဆိုတဲ့ ဝတ္ထုစာအုပ်လေးထဲကပါ။ အဲဒီထဲမှာ ဘာသာပြန်လည်းပါပါတယ်။ ဇာတ်ကောင်ကောင်မလေးက ခရစ္စတီနာရဲ့ ကဗျာတွေကိုကြိုက်တဲ့အတွက် ဇာတ်ဝင်ကဗျာအနေနဲ့ထည့်ထားတယ်လို့မှတ်မိနေပါတယ်။အဲဒီမှာဘာသာပြန်သူက ဆရာမြင်းမူမောင်နိုင်မိုး ပါ။ အင်္ဂလိပ်ကဗျာတွေကို မြန်မာလိုပြန်တဲ့နေရာမှာ မြန်မာကဗျာစပ်နည်းဘောင်ထဲလည်းဝင်အောင် အဓိပ္ပာယ်လည်း
ဘုန်းနိုင်တို့ပါပဲ။ ခု တက္ကသိုလ်ဘုန်းနိုင်ဘာသာပြန်တဲ့ ကရုဏာမဲ့သည့်လှဒေဝီ (မူရင်း La Belle Dame Sans Merci ..) ပဲဖြစ်ပါတယ်။ အဲဒီကဗျာကိုတော့ ၁၉၉၀ ပန်းဝေသီ
မဂ္ဂဇင်း၊ဖေဖော်ဝါရီထုတ်ထဲက ကူးယူထားတာဖြစ်ပါတယ်။ အဲဒီတုန်းက ဆရာက အဲ
လိုဘာသာပြန်ကဗျာတွေကို အတော်ရေးခဲ့ပါတယ်။ ဂျစ်ပစီအဘိုးကြိးအိုအချိန် တို့
လွမ်းပျော်မွေ့ကြီး တို့လို ကဗျာတွေလည်းပါပါတယ်။နောက်များမှ အဲဒါတွေကိုလည်းအမှတ်တရတင်ပေးပါဦးမယ်။
မပျောက်အောင် လှလှပပ ပြန်တတ်တဲ့သူနှစ်ယောက်ကို ကျွန်မသတိထားမိပါတယ်။
သူတို့ကတော့ ခုကဗျာကို ဘာသာပြန်တဲ့ ဆရာမြင်းမူမောင်နိုင်မိုးနဲ့ ဆရာ တက္ကသိုလ်ဘုန်းနိုင်တို့ပါပဲ။ ခု တက္ကသိုလ်ဘုန်းနိုင်ဘာသာပြန်တဲ့ ကရုဏာမဲ့သည့်လှဒေဝီ (မူရင်း La Belle Dame Sans Merci ..) ပဲဖြစ်ပါတယ်။ အဲဒီကဗျာကိုတော့ ၁၉၉၀ ပန်းဝေသီ
မဂ္ဂဇင်း၊ဖေဖော်ဝါရီထုတ်ထဲက ကူးယူထားတာဖြစ်ပါတယ်။ အဲဒီတုန်းက ဆရာက အဲ
လိုဘာသာပြန်ကဗျာတွေကို အတော်ရေးခဲ့ပါတယ်။ ဂျစ်ပစီအဘိုးကြိးအိုအချိန် တို့
လွမ်းပျော်မွေ့ကြီး တို့လို ကဗျာတွေလည်းပါပါတယ်။နောက်များမှ အဲဒါတွေကိုလည်းအမှတ်တရတင်ပေးပါဦးမယ်။
Song
When I am dead my dearest
Sing no sad song for me
Plant thou no roses at my head
Nor shady cypress tree.
Be the green grass above my
With shower and dewdrops wet
And if thou wilt, remember,
And if thou wilt, forget.
I shall not see the shadows,
I shall not feel the rain;
I shall not hear the nightingale
Sing on, as if in pain;
And dreaming through the twilight
That doth not rise nor set,
Haply I may remember,
And haply may forget.
Christina Rosette
နှုတ်ဆက်တေး
အချစ်ဆုံးရယ်
နောက်ဆုံးခွဲခွာ၊သောအခါဝယ်
သက်လျာကိုယ့်အား၊လွမ်းသောအားဖြင့်
သနားငိုကြွေး၊ရှိုက်သံတေးကို
ဟစ်ကြွေးမဆိုပါနဲ့ကွယ်။
လွမ်းသူ့နိမိတ်၊နှင်းဆီရိပ်လည်း
တဆိတ်စာပင်၊မလိုချင်တော့
နာကျင်ကြေကွဲ၊ဝမ်းနည်းထိမ်းမှတ်
ဆိုက်ပရပ်စပင် ၊ကိုယ့်ဝန်းကျင်မှာ
သခင်မစိုက်ပါနဲ့ကွယ်။
သဘာဝ၏၊အလှဖန်ဆင်း
နှင်းရည်ဖြန်းဆန်း၊ငြိမ်းချမ်းလျက်သော်
ကိုယ့်အဖော်နှယ်၊စက်ပျော်ချမ်းမြ
နေပါရစေ။
ကာလရှည်ကြာ၊ထိုအခါမှ
သက်လျာငယ်ကျွမ်း၊ကိုယ့်ကိုမှန်း၍
လွမ်းချင်လွမ်းနေပါတော့ကွယ်
မေ့ချင်မေ့နေပါတော့ကွယ်။
မိုးရိပ်လေရိပ်၊သစ်ဝါးရိပ်ဟု
အရိပ်ကိုလျင်၊မမြင်သာပဲ
ကြင်နာလှိုက်လှဲ၊ကြေကွဲပူဆွေး
နိုက်တင်ဂေးလ်၏၊တေးချိုနားတွင်
မဆင်သာပဲ.....
ဘယ်မှာနေထွက်၊ဘယ်ဘက်နေဝင်
မမြင်သာပဲ...........
ကိုယ့်မှာမိန်းမော၊အိပ်မက်တ္ပော၌
တွေးတောဆင်ခြင်၊မင်းရုပ်သွင်ကို
လွမ်းချင်လွမ်းနေမှာပေါ့ကွယ်
မေ့ချင်မေ့နေမှာပေါ့ကွယ်။ ။
မြင်းမူမောင်နိုင်မိုး
La Belle Dame Sans Merci
I
Oh what can ail thee, knight-at-arms,
Alone and palely loitering?
The sedge has withered from the lake,
And no birds sing.
II
Oh what can ail thee, knight-at-arms,
So haggard and so woe-begone?
The squirrel's granary is full,
And the harvest's done.
III
I see a lily on thy brow,
With anguish moist and fever-dew,
And on thy cheeks a fading rose
Fast withereth too.
IV
I met a lady in the meads,
Full beautiful - a faery's child,
Her hair was long, her foot was light,
And her eyes were wild.
V
I made a garland for her head,
And bracelets too, and fragrant zone;
She looked at me as she did love,
And made sweet moan.
VI
I set her on my pacing steed,
And nothing else saw all day long,
For sidelong would she bend, and sing
A faery's song.
VII
She found me roots of relish sweet,
And honey wild, and manna-dew,
And sure in language strange she said -
'I love thee true'.
VIII
She took me to her elfin grot,
And there she wept and sighed full sore,
And there I shut her wild wild eyes
With kisses four.
IX
And there she lulled me asleep
And there I dreamed - Ah! woe betide! -
The latest dream I ever dreamt
On the cold hill side.
X
I saw pale kings and princes too,
Pale warriors, death-pale were they all;
They cried - 'La Belle Dame sans Merci
Hath thee in thrall!'
XI
I saw their starved lips in the gloam,
With horrid warning gaped wide,
And I awoke and found me here,
On the cold hill's side.
XII
And this is why I sojourn here
Alone and palely loitering,
Though the sedge is withered from the lake,
And no birds sing.
John Keats
ကရုဏာမဲ့သည့်လှဒေဝီ
ချပ်ဝတ်ကယ်မှိန်ညိုနှင့်၊အလို..ရှင်သူရဲငယ်၊စိတ်ထဲဘယ်ဝန်ပိုလို့
တစ်ကိုယ်တော်ဖြူရော်နွမ်း၊ခြေလှမ်းရာလူပါလို့၊ယောင်ချာချာလှည့်သတုန်း။
ကန်တစ်ဝိုက်၊မြက်သိုက်ပင်သေကာညှိုးလို့၊ ငှက်တွေဘယ်ဆီရောက်တယ်
တေးပျောက်ဆိတ်သုဉ်း။
ချပ်ဝတ်ကယ်မှိန်ညိုနှင့်၊အို..ရှင်သူရဲငယ်၊စိတ်ထဲဘယ်ဝန်ပိုလို့
မျက်နှာအိုကြုံလှီပန်း၊ငြိုငြင်ငြင် ပူပုံသမ်းလို့၊နွမ်းနေရသတုန်း။
ရှဥ့်ကလေးစပါးကျီ၊ပြည့်လေပြီ အစာမောက်၊
ကောက်သိမ်းရက်ဆုံး။
သင့်နှဖူးကနှင်းပန်းမှာ၊ဝေဒနာမှုန်ဝေ့လို့
အဖျားငွေ့နှင်းပေါက်ခို၊ဘယ်လိုတဲ့အရေး
သင့်ပါးပေါ်က နှင်းဆီနီ၊ညှိုးရှာပြီသွေ့သွေ့ခန်းတယ်
နွမ်းမြန်လှလေး။
မြက်ခင်းလှစားကျက်မြေ၊ ကြုံတွေ့ပေနတ်ရင်သွေးငဲ့
အလှရေးပြည့်စုံညီ၊ဒေဝီတဲ့ရှုမရဲ
ရှည်သွယ်ပေ့ သူ့ကေဆံ၊သူ့ခြေတံတင့်တယ်လွန်း
တောက်ရွှန်းကြည်ဟန်မဖုံးတယ်၊မျက်လုံးကရွဲ။
သူ့ခေါင်းမှာဆင်ကာမြန်းဖို့၊ပန်းကုံးကိုငါသီ၊လက်ဆီမှာပန်းလက်ဝတ်
ပန်းခါးပတ်မွှေးကြိုင်စွာ၊ဆက်ပါရ သူ့အား
ငါ့ကိုကွယ် ချစ်သလိုငေးလို့၊တိုးတိုးလေး ညင်သာစွာ၊
ချိုသာသာညည်သံရှိုက်၊ ကြားလိုက်ရနား။
ပွေ့ကာတဲ့သူ့ကိုတင်၊မြင်းကြော့တွင်နေရာချလို့၊ လှမ်းရုံမျှညင်သာသာ
နှင်လာခဲ့သည်တွင်း ။ ။
တစ်နေ့လုံး ပတ်ကုံးတဲ့ဝန်းကျင်၊ မမြင်ပါ သူ့သာငေးမိ
တစောင်းလေး သူ့ကိုယ်နေ၊ငါ့ဘက်လေ လှည့်ခွေရစ်လို့
ချစ်တေးသူဆိုဖွဲ့တယ်၊နတ်ရဲ့သီချင်း။
သစ်မြစ်စုံချိုမြိန်လှ၊သဘာဝပျားသကာ၊နတ်သုဒ္ဓာနှင်းရည်ပေါက်
စားသောက်ဖို့ ငါ့တွက်တာ၊သူရှာလို့ကျွေး
ပြီးတော့မှသာ၊သေအချာဘာသာဆန်းနှင့်၊လွမ်းဖွယ်ငဲ့သူဆို
`မောင့်ကိုလေ မေတ္တာစစ်နှင့် ချစ်မိပါလေး တဲ့။ ။
နတ်သူငယ် ရုက္ခစိုး၊လိုဏ်မျိုးကွယ် သူ့ဂူတွင်းသို့၊ခေါ်သွင်းပြီးမှ
ရှိုက်ကာငို၊လှိုက်ဖိုစွကြေကွဲ။ ။
ဂူတွင်းမှာပေါ့၊ချစ်ဝင်းရည် စို့ကာလက်သည့်၊မျက်ရွဲတွေစင်းပျော်မှိတ်အောင်
မိတ်ရလေနမ်းပွင့်မွှေးနှင့်၊လေးကြိမ်မျှပဲ။ ။
ဂူတွင်းမှာပဲကွယ်၊ကျူညင်သာ၊သူလျင်သိပ်တော့၊မှေးမှိတ်လို့ပျော်ဆဲတွင်
အိပ်မက်မြင်နောက်ဆုံး။ ။
ချမ်းလို့သာအေးဘိတယ်၊နံဘေးတောင်စွယ်၌
အိပ်မက်နယ်မြင်သမျှကြောင့်၊သောကမှောင်ဖုံး။ ။
ငါမြင်သည်ဘုရင်များ၊မင်းသားနှင့်ရဲကျော်တွေ၊ဖြူယော်ကွဲ့အကုန်လုံး။ ။
သွေးဆုတ်သည့်အသွင်၊သေမင်းငင်နယ်က၊အသံကျယ်ဟစ်အော်ပြကြ
ကရုဏာမဲ့သည့်လှဒေဝီ ကျွန်ပြုပြီမင်းကို ဖမ်းပေါ့
လွတ်လမ်းပျောက်ဆုံး……….တဲ့။
ငါမြင်သည် မှောင်ရီဖျ၌၊ ငတ်ကြသည့်နှုတ်ခမ်းတွေ
အစွမ်းကုန်ဖြဲကာဟ၊ကြောက်စရာ့သတိသံ၊ပေးဟန်ကသိမ့်ဟည်း…။
လန့်အနိုးမှာလ၊တောင်ရိုးစွယ်သည်နံဘေး၊
ချမ်းအေးကာ ဆိတ်လို့သုဉ်းတယ်၊ဘုန်းမောင့်ကိုယ်တည်း။ ။
သနစ်ရယ်ပူမီးကြောင့်၊ခရီးယာယီပိုရ၊တစ်ကိုယ်တော်ဖြူယော်နွမ်း
ခြေလှမ်းရာလူပါလို့၊ယောင်ချာချာလှည့်ကာသွား ။ ။
ကန်တစ်ဝိုက်၊မြက်သိုက်ပင်၊သေကာညှိုးလို့၊ငှက်မျိုးတွေဘယ်ဆီရောက်
တေးပျောက်ကာ ဆိတ်လို့သုဉ်းပေမယ့်၊ဘုန်းမမှုအား။ ။
တက္ကသိုလ်ဘုန်းနိုင်
0 Comments:
Post a Comment