Monday, July 13, 2009
ကြယ်ကြွေလကာင်္
ထိုသောညမှာ နှင်းပြာအုပ်မိုး
အိမ်မက်ခိုးမျှင် သခင်ဖြစ်၏
ကြယ်ခက်ညတွေ ပန်ရင်းကြွေသက်
မျက်ရည်ဝိုးဝင်း အိမ်မက်လင်းပြာ
ငါ နမ်းမွှေးရှိုက် ရင်ကိုခိုက်၏
ငါ.. ချစ်မိသည်
ငါ ချစ်မိသည်
ယုံကြည်ကြေကွဲ ခိုတွဲကိုင်းညွတ်
ပွင့်ဦးဆွတ်ပျံ့ စံပယ်နံ့အေး
အဝေးစကား နှုတ်ဖျားထုံကျဉ်
သခင် .. သိပါ။
ထိုသို့ဖြင့်
ငါနှင့် ကြယ်တို့ ညမြို့ရိုးထက်
သွေးပျက်သီချင်း ဆိုညှင်းဖွဲ့ဝေ
ကြွေခဲ့ကြသည်။
သြော် ထိုသို့ဖြင့်
ငါနှင့်သခင် ရာဇဝင်ပန်း
လွမ်းမှိုင်းဝေရီ ရွှေလက်ဖဝါး
ပါးပြင်ထိအပ် ခုံမင်တတ်လည်း
ရေးမှတ်မိရုံ ဝတ်မှုန်မြေဆွေး
ဝေးသွားခဲ့လျှင်….
ဝေးသွားခဲ့လျှင်….
တာရာမင်းဝေ
1 Comment:
ကဗျာဖတ်လို့ကိုမ၀နိုင်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဘာဖြစ်မှကိုမလဲလို့ပဲ.. ဟဲဟဲ
အတွေးအခေါ်တွေပြောင်မြောက်လိုက်ပုံများ
ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။
ဒါနဲ့ ... ဘာမှမပြောတော့ဘူး။
Post a Comment