ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

နောက်ဆုံးကမိန်းကလေးမေးခွန်းမေးပါ

Thursday, December 4, 2008

နောက်ဆုံးကမိန်းကလေးမေးခွန်းမေးပါ
တီဗွီကိုဖွင့်လိုက်တယ်၊စိတ်ကိုဖွင့်လိုက်တယ်၊မေးခွန်းတွေလွန်လွန်ကျူးကျူး
ဝင်ရောက်လာတယ်၊ဘယ်လိုနာမည်ပေးမလဲ၊မေးခွန်းတွေကျူးကျော်ရန်လို့ပေး
လိုက်မယ်၊သဘောတူလား၊
ဘာကြောင့်နိုင်ငံတိုင်းမှာပညာရေးစနစ်ပြောင်းလဲသလဲ၊ဆက်သွယ်ရေးစနစ်
အမြဲပြောင်းနေရလဲ၊အပြစ်တင်ဖို့ခေါင်မိုးမရှိဘူး၊ယိုနေတဲ့အပေါက်
တွေဟာ conceptual art ဖြစ်တယ်
ဒီမေးခွန်းဟာ ရှတတအတွက်ဖြစ်တယ်၊အရုပ်ဆိုးမှုကိုအဓိပ္ပာယ်ပြုပြပါ
အပြစ်တင်မစောပါနဲ့ ကမ္ဘာကြီးရဲ့ ရေငုပ်သင်္ဘောတွေဟာခင်ဗျားရဲ့မမြင်
ရတဲ့စိတ်အလှုပ်ဖြစ်တယ်
ဒါကြောင့်အရာရာကိုချဲ့ထွင်နေရတာ ၊ချဲ့ထွင်ထားတဲ့ဥာဏ်၊ချဲ့ထွင်ထားတဲ့
မိသားစု၊ချဲ့ထွင်ထားတဲ့concept၊ချဲ့ထွင်ထားတဲ့လစာ၊ချဲ့ထွင်ထားတဲ့
တီထွင်မှု၊ချဲ့ထွင်ထားတဲ့စကားပြေ..
ကမ္ဘာ့အကောင်းဆုံးအင်စတီကျုရှင်း(instistution)ဟာဘ၀နဲ့ဘာသာစကား
ဖိုထိုးထားတဲ့အတတ်ပညာပေါ့၊ဒုက္ခ၊ဒီဒုက္ခဘယ်လောက်ကြာမလဲ
ကျွန်တော်ထင်တယ်၊“တာဝန်”လောက်ကြာမယ်
အုပ်စုစွဲ၊ဂိုဏ်းစွဲတွေနဲ့ခင်ဗျားဘယ်လိုလုပ်မလဲ၊ကမ္ဘာ့ပြက္ခဒိန်မှာ
ရက်တစ်ရက်မှတ်ထား၊လက်နှစ်ဖက်လုံးအလုပ်လုပ်၊ညာလက်က
ဝေရင်ဘယ်လက်ကရမယ်ဆိုပါလား..ဂန္ထ၀င်စကား
တွေထဲမှာခုထိသိုင်းအတတ်နဲ့ ကိုယ်ဖော့လျှောက်တုန်းပါလား
အံ့စရာ၊မြေကြီးမှာရွှေရှိတယ်၊မယုံဘူးလား၊မြေကြီးထဲမှာ
လူရှိတယ်၊သေကြည့်၊မြေကြီးထဲမှာ ကမ္ဘာတစ်ခုရှိတယ်၊မတူး
ဖော်ရသေးတဲ့ခင်ဗျားရဲ့စိတ်ကူး၊ကွန်ဆက်၊ရုပ်ခန္ဓာ၊အမြင်
အယူအဆတွေအားလုံး၊ဒီနေ့ကစပြီးလူကြီးမင်းများလက်ဖက်
သုပ်စားပါ။ ။
ငြိဏ်းဝေ

မနေ့ကဖက်ရှင်မဂ္ဂဇင်းထဲမှာတွေ့လိုက်တဲ့ ကိုငြိဏ်းဝေရဲ့ကဗျာပါ။
စိတ်ထဲကိုတန်းဝင်သွားတဲ့အတွက်ကူးထားလိုက်တယ်။
ထူးထူးခြားခြားကဗျာတစ်ပုဒ်လည်းအဲဒီမဂ္ဂဇင်းထဲမှာတွေ့မိလို့ပြုံးရပါသေး
တယ်။အဲဒီကဗျာလေးကိုတော့ နောက်များမှပဲ...း)