ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ပျောက်ဆုံးနေသောမွေးနေ့

Tuesday, December 2, 2008

ကျွန်မမှာ ကဗျာမှတ်စုစာအုပ်အထူကြီးငါးအုပ်ရှိပါတယ်။ အဲဒီထဲက တစ်အုပ်ပျောက်နေတယ်။
ပျောက်တယ်ဆိုတာထက် ကျွန်မရဲ့သိန်းချီနေသော (ဒါပဲချမ်းသာတာကိုး) စာအုပ်တွေကြား
မှာညပ်နေတယ်ဆိုရင်ပိုမှန်မလားပဲ...။ခုထိမတွေ့ဘူး။ မကြာပါဘူး။ အိမ်ပြောင်းလို့ရွှေ့ရပြုရ
ပြီဆိုရင်တော့ ဒင်း ဘယ်နေရလိမ့်မလဲ..ထွက်လာမှာပါ ...း) ခုတော့ ပုန်းထားဦးပေါ့လို့
ကြိမ်းထားတယ်။...
ပြန်တွေ့ရင် အသစ်တင်တော့မယ်နော်...း)