Thursday, November 12, 2009
တင်းလွန်းကြိုး
တရားအရိပ်၊ပုတီးစိပ်၍
သိုသိပ်အေးစွာ၊နေလိုပါလည်း...
လေပြန်ခြွေဖျက်၊မြေပေါ်သက်
ရွက်ဝါလေးများ၊လှုပ်ကစားတိုင်း
လှုပ်ရှားရင်မှာ၊ငြိမ့်ငြိမ့်ခါမိ ....
မြူရိပ်စိုးတုံ၊အခိုးထုံ
မိုးမှုန်လေးများ၊လှုပ်ကစားတိုင်း
လှုပ်ရှားရင်မှာ၊ငြိမ့်ငြိမ့်ခါမိ...
ပိတောက်ချိုပျံ့၊အစိုဖန့်
ပန်းနံ့မွှေးများ၊လှုပ်ကစားတိုင်း
လှုပ်ရှားရင်မှာ၊ငြိမ့်ငြိမ့်ခါမိ...
သိမ့်ခါခြင်းသည်၊မတည်ငြိမ်မှု
အနုသယ၊သမုဒယဟု
ဆုံးမပါလျက်၊ထိန်းချုပ်ခက်သည်
ရမ္မက်လွန်ကြိုး၊တင်းလွန်းစွ ... ။ ။
ဗန်းမော်ညိုနွဲ့
၁၉၉၀၊ဧပြီ၊ရှုမဝ
ဒီနေ့ ဖိုးခွား ဆီက သတင်းတစ်ခုရပါတယ်။ ဆရာဗန်းမော်ညိုနွဲ့ ဆုံးပြီတဲ့။ အဲဒါနဲ့ မှတ်စုထဲပါလာတဲ့
သူ့ကဗျာလေးတစ်ပုဒ်ကို သတိတရတင်ပေးလိုက်ပါတယ်။ ဆရာ ကောင်းရာသုဂတိလားပါစေ .. လို့ ။
2 Comments:
ဆရာကြီး ကောင်းရာသုဂတိဘုံမှာ ငြိမ်းအေးချမ်းသာနိုင်ပါစေ.။
အဘိုးဆုံးသွားပြီ ဆိုတဲ့သတင်းကို ဒီနေရာလေးကနေ သိသိချင်း စိတ်မကောင်း အရမ်းဖြစ်မိတယ်..
Post a Comment