ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ဒါနဉ္စ

Sunday, November 23, 2008

ဒီကဗျာလေးက အောင်ကြွေတင့် ဆိုတဲ့ကဗျာဆရာရဲ့ ကဗျာပါ။ သူ့ကဗျာတွေကျွန်မမှာ ၂ပုဒ်လားပဲရှိတယ်။
အတွေ့ရနည်းတယ်လို့ထင်တာပဲ။ဖတ်ပြီးတာနဲ့ ဘာဖြစ်သွားမှန်းတောင် ကိုယ့်ကိုယ်ကိုမသိဘူး..မျက်ဖြေလင်္ကာ
ပဲပြေးသတိရရတော့မလိုလို မဆိုင်ပဲမဆိုင်သလိုလို ဘာမှန်းကိုမသိတာပါ...


ဒါနဉ္စ
မိုးစက်ဝေ
အော်
အဖော်ခေါ်
ဖားအတွက်ပျော်စည်တော်။

တုတ်ချက်မွှေ
ဆော်
အနေတော်
ဆွမ်းခွက်အမီကြော်..။ ။
အောင်ကြွေတင့်

5 Comments:

:P said...

ကဗျာတွေကို ကောမန့်ရေးရဲပါဘူး..
ဒါလေးတော့ကြိုက်တယ်လို့ လာပြောတာ....:P:P
အောက်က ကြည်အောင် ကဗျာ ၂ ပုဒ်လည်းကြိုက်တာပဲ...

Anonymous said...

အော်မခေါ်ရဲတော့ဘူး
ဟင်းအိုးထဲရောက်တွားမှာစိုးလို့

ATN said...

ကိုယ့် အတွက်
သူတပါး အတွက် ...

အော် ခဲ့ သူတွေ
အော် နေ သူတွေ
အော် မယ့် သူတွေ အတွက် ...

Zephyr said...

သေချာဖတ်ကြည့်မှ .. ဖားရိုက်ပြီး ... ဆွမ်းချက်တယ်လို့ နားလည်တယ် ...
ဟုတ်တယ်မလား အစ်မ :)

တကယ်လို့ ဒီလိုသာဆိုရင် ....
ဒါနမမြောက်ပဲ အကုသိုလ်ပဲရမယ် ...
သေစေချင်တဲ့ ဆန္ဒက လှူချင်တာထက် အများကြီး ပိုပြီး အကုသိုလ်များနေပြီ ...။

ပြုံးစရာကောင်းတဲ့ ကဗျာလေးလို့ခံစားရတယ် ... ။

Kaung Kin Ko said...

ကဗျာလေး တိုတို လေးနဲ့ အရမ်းထိမိတယ်ဗျာ။