ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ဒုက္ခတစ်ခု

Friday, June 3, 2016



ခေါင်းအုံးကို ပြောင်းပြန်လှန်အိပ်လည်း
ဒီအိပ်မက်ပဲ
ဘာအစွဲမှမစွဲလို့ ဘာအစွန်းမှမစွန်းလို့
လောက်လန်းများအတိုင်း
ဂျွမ်းထိုးသေချင်ရဲ့
မီးခိုးချင်းပေါင်းတဲ့ခေတ် မဟုတ်ဘူး
ဥယျာဉ်တစ်ခုလုံး ယင်တလောင်းလောင်းနဲ့
ဘယ်သူ့အသက်က ညှီတာလဲ
မိတ်ဆွေများနဲ့ ပျော်ရွှင်စွာ နေထိုင်နည်း စာအုပ်ကလည်း
ဖတ်မကောင်းဘူး
ဒီခေါင်းစဉ်နဲ့ ဒီအကြောင်းအရာမှာ
ငြီးငွေ့ မိ အခါခါ
လက်ထဲက စီးကရက်လို
ခွက်ထဲက လက်ကျန်အမှောင်ကလည်း
ယိုင်ရွဲ့လို့
အကုသိုလ်စိတ်နဲ့
အိပ်ယာ စောစောထလာခဲ့တယ်
ကျွန်တော်က ဘလိတ်ဓားလေးတစ်ချောင်းပါ။ 

ကြည်ဇော်အေး