ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ခိုင်မြဲကျော်စွာ ၏ ကဗျာများ

Monday, May 16, 2016



လမ်း ၃၀ ထိပ်က ခရမ်းသို့

ခရမ်းရေ
အပြောင်းအလဲ ဆိုတာ ကြိုးခွေပဲ
သည်တစ်ခွေ
ပြီးတော့ နောက်တစ်ခွေပေါ့။
ငါပြောင်းထိုင်တဲ့ လက်ဘက်ရည်ဆိုင်
မိုင် ၅၀ ဝေးတယ်။
မနက်ခင်းစားသောက်ဖွယ်ရာစာရင်းက
မင်း သတင်းမရဘူး။
ခုတော့ တစ်ယောက်တည်း လျှောက်နေရ
တစ်ယောက်ခြေထောက်ပေါ် တစ်ယောက် မှီရပ်နေရတဲ့
ကမ္ဘာတစ်ခြမ်း
လွမ်းတယ်။
ဒီတစ်ခါ
မင်းလာရင်
သဘာဝသမိုင်း ပြတိုက်သွားမယ်
နှစ်သန်းပေါင်းများစွာက ဝေလငါးတွေသွားကြည့်မယ်။
အစားခံရတဲ့ ဘဝဆိုတာ
တို့လို အဓိပ္ဗာယ် ထပ်တူပဲ
မင်းဓားမြှောင်စိုက်ထားတဲ့ ဆိုက်ပရပ်စ်လမ်
လူဖမ်းသဘောင်္ နဲ့ ကပ္ဗလီပင်လယ်
ကြောက်မက်ဖွယ်ရာ အိမ်အပြန်လမ်းထဲ
မင်းကို
အိမ်တံခါးဝက အမေအို မမှတ်မိနိုင်တာလည်း
ဖြတ်သန်းပြီးပြီပဲ။
ဝံပုလွေလာဆင်ကိုချစ်တဲ့
မိန်းမနဲ့  သမီးနှစ်ယောက်ကိုချစ်တဲ့
အလေအလွင့် ဓားချက်များနဲ့ ကမ္ဘာကြီးကိုချစ်တဲ့
မင်းသွေးတွေ
တစ္ဆေသဘောင်္ မျောတုန်းလား။
ခရမ်းရေ
ဒေါသကြီးတဲ့ ငါးလည်းသေတယ်
ပုံတိုပတ်စ ပြောတတ်တဲ့ ငါလည်သေတယ်
လောကရဲ့ အလွယ်ဆုံး အလုပ်ဟာ
သေတာ မဟုတ်လား 
ဘာကြောင့်များ
အခြားသံသရာမှာ လူမြင်ခံဦးမှာလဲ
ရတနာ (၃)ပါးဆည်းကပ်ပါ
တရားမှတ်ရှုပါ
ကြားဖူးနားဝ တစ်ဝဂူတို့ရဲ့ အဖြစ်အပျက်တို့
လွတ်မြောက်ဖို့ ကြိုးစားပါ။
လမ်း ၃၀ ထိပ်မှာ
ထူထောင်နေတဲ့ မင်းရဲ့ အရိပ်ကို
မြေကြီးလို ဖြန့်ခင်းလိုက်စမ်း 
ခရမ်း ။      ။

ခိုင်မြဲကျော်စွာ




ကိုဝဏ္ဏ (သို့) မစိုက်ဖြစ်သေးတဲ့ စက်ရုံ

ဝဏ္ဏရေ ..
ဘဝမြေလွတ်မြေရိုင်းအတွက်
ဘာစက်ရုံများ ဆောက်မှာလဲ
မင်းလက်နဲ့ ချက်လုပ်မယ့် ပုံပြင်သစ်တစ်ထပ်
ခုထိ
ငါမဖတ်ရသေးဘူး။

မင်းဗလာစာအုပ်ထဲက သင်တန်းတွေရယ်
မင်းလို်ကရွှေ့တဲ့ ရင်ခုန်သံလိုင်းရယ်
ဘယ်လေတိုက်မှ
ရွေ့မှာလဲ။

ချိန်းလက်စ
တို့ဘဝ စစ်တုရင်အလောင်းအစား
တပ်သားလေးလည်း သေချင်သေမယ်
ဘုရင်ကြီးလည်း သေချင်သေမယ်
အဓိပ္ဗာယ်ရှိတဲ့ ရွှေ့ကွက်ပူပူနဲ့ လဲယူမှ
မင်း
သရဖူဆိုတာ ရမှာပေါ့။

ဒါဟာ ရွှံ့စေးဖြူဖြူလို ငယ်ဘဝအဟောင်း
ဒါဟာ မရိုးနိုင်တဲ့ ဂျင်းဘောင်းဘီ အပြာအကြောင်း
ကလေးစိတ် အလောင်းထဲက မထွက်နိုင်ရင်
မင်းညာဘက်လက်
အသုံးမဝင်ဘူးပေါ့။

မင်းကြောက်တဲ့ ဒုက္ခကျည်ဆန်
ပန်းခြံထဲက ရှဉ့်ကလေးထက် ပိုမြန်နေသလား
စိတ်ကူးနဲ့ လမ်းတစ်လမ်းခြားတဲ့
လက်တွေ့ဘဝ
လပြည့်ညဆိုတာ
အမှောင်ကိုထစ်အ ဖို့ မလိုဘူး။

ကွန်ပျူတာတစ်လုံးက ကွန်ပျူတာ တစ်လုံးကို
မချစ်ဘူး
သူငယ်ချင်းတစ်ယောက်က သူငယ်ချင်းတစ်ယောက်အတွက်
ရှေ့တက်စေချင်တာ
ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
အစစ်ပဲ။

ကိုဝဏ္ဏ
မင်း ပို့သမယ့် ဝီရိယတရားထံ
တစ်နေ့ပြန်စာလာလိမ့်မယ်
ဆက်ဆက်။       ။

ခိုင်မြဲကျော်စွာ


ကိုဘုန်း (သို့မဟုတ်) ငါးသေးသေးလေးတစ်ကောင်

ရှေးဟောင်းနှောင်းဖြစ်ကြားရဖို့
ရှေးဟောင်းပစ္စည်းဆိုင် သွားစရာမလိုဘူး
ကျွန်တော်
ကိုဘုန်းဆီသွားတယ်
ရန်သူငါးတွေနဲ့
ဒုလ္လဘကြီးကို ပစ်ချတမ်းကစားပွဲ
နားထောင်တယ်
အသက်ဆိုတာ
လက်ညှိုးနဲ့ ဖျက်လို့ရတဲ့အရာ
မဟုတ်လား။
ကိုဘုန်းရေ
ရေဆိုတာ ခပ်တိုင်း အပြည့်လိုက်လာပါ့မလား
တစ်ဘဝလုံး
အပေါက်ကနေ ခုန်ဆင်းခံရတာမျိုးလည်းရှိမယ်
လူ့ဘဝဆိုတာ
နားမလည်စရာ ထွန်ကြောင်းများရဲ့
ရပ်ကွက်ပဲ။
ကိုဘုန်းရယ်
အခြား ငါးသေးသေးလေးတွေရယ်
ဆင်တွေနဲ့
သစ်လုံးတွေနဲ့
မှုန်တိမှုတ်မွှား အလင်းရောင်တွေနဲ့
အပြစ်အနာအဆာကင်းတဲ့ တရားအတိုင်း
ဖြောင့်နေတုန်း
ဝန်းကနဲ
ကိုက်ဆွဲခံရတဲ့အခန်းကြားတယ်
ခုတော့
အဲဒီလိုငါးကြီးလည်း သွေးအန်ရှာပေါ့
သံသရာဆိုတာ
ပင့်ကူမျှင် အပြင်ဘက်က ရပ်ကြည့်မှ
အဖြူအမည်း ဓာတ်ပုံကို
အလိုလိုမြင်ရတယ်။
ခုတော့
ကိုဘုန်းတစ်ယောက်
လောကဖဲချပ်တွေအပေါ် စိတ်လျှော့တယ်
စားပွဲတစ်လုံးရဲ့ အလျားအနံတွေပေါ် စိတ်လျှော့တယ်
အသက်ရှည်စရာ အားဆေးရယ်
သံစုံမြည်မယ့် မီးဖိုချောင်ရယ်
ကံအဆန် ကန် အစုန်
တရားတော်အပေါ် ပုံချလိုက်ပုံနဲ့။
ကိုဘုန်းရေ
ရိုးသားခြင်းရဲ့  ငါးသေးသေးလေးတစ်ကောင်ပဲ
ဖြစ်ချင်သူရေ
ခင်ဗျားလက်ယက်တွင်းက ရေလေးနဲ့
ဟောဒီနွေရာသီကို
မျှဝေပေးချင်တယ် မဟုတ်လား
မျှပါ
ခင်ဗျား မျှလိုက်ပါ
ကောင်းမှု ဓာတ်ငွေ့ဟာ
ကောင်းကင်ကို ဆက်ဆက် တွန်းရွှေ့လိမ့်မယ်
တစ်နေ့။       ။

ခိုင်မြဲကျော်စွာ


အတွေ့အကြုံ  ၄၃

၆၅၀တန် ပန်းသီးအတွက်
နောက်ဘဝတစ်ခုပေါ် တက်မခုန်ဘူး
ရတယ်
ငါ့အရေပြား ဖြန့်ခင်းနိုင်သလောက်
ယူမယ်။
မြင်လေရာ ထိုးထိုးထောင်ထောင် သစ်ပင်တွေ
ငါ့ပတ်ဝန်းကျင်
တောဝင်နေပုံ။
ကတ္တရာမြို့ပေါ်က စိတ်ကြီးဝင်သူယာဉ်များ
အားအားရှိ စုတ်သတ်ခုန်ပေါက်
ငါတို့ ရောက်ရှိနေတဲ့ ဒီလို နည်းပညာ
ငါတို့ ဓာတ်ကြီးလေးပါးကို
သစ်ခွဲစက်ထဲယူသွားကြည့်တယ်
 နိုင်လိုမင်းထက် အမှုန့်ကလွဲရင်
ထပ်ပြီး စိတ်ခွဲချင်လို့ မရဘူး။
ပိုက်ဆံရဲ့ တစ်ဟုန်ထိုးစိတ်နဲ့
စမ်းချောင်းကလေးကို ရိုက်ချိုးတယ်
ရက်စက်တယ်
ငါ့မျက်လုံးပေါ် လွမ်းစေတီပေါ် ငှဲ့ချလိုက်တော့
ငါ့မျက်ရည်က ကုန်ပြီပဲ။
ပေကျံနေတဲ့ ရှပ်အကျီ င်္တံဆိပ်ဟာ
အောင်မြင်မှု ဆိုလား
လူဆိုတာ
ကန်ထုတ်ဖို့ခက်တဲ့
ကိလေသာရဲ့  ကိုယ်စားလှယ်လား
ငါ့ကိုထုထားတဲ့ အသားရဲ့နာမည်
ငါလည်း လွယ်လွယ်မေ့တယ်။
အို  လောကီ
ကျယ်ဝန်းပါဘိ
တက်စရာသင်တန်းတွေများပါဘိ။     ။

ခိုင်မြဲကျော်စွာ





0 Comments: