ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

နိုဝင်ဘာ

Thursday, November 19, 2009

image source


နိုဝင်ဘာ


ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိပ်ဝတ်ဆင်ထားတဲ့မိန်းမ
မြူခိုးနီညိုတွေကြားမှာ
စပယ်ကပိုကရိုနဲ့ ... လှလို့။

ငါ .. တစ်ပွင့်ပြီးတစ်ပွင့်ပြိုလဲ
နှင်း အဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့ ။ ။

တာရာမင်းဝေ
၁၉၉၅၊စက်တင်ဘာ၊ဟန်သစ်

3 Comments:

Zephyr said...

နိုဝင်ဘာ

မျှော်လင့်ပြီးပွင့်မယ့် ပန်းအပြာ တစ်ပွင့်ပါ ...
ထွက်သက်အောင့်ပြီး ဖူး ထားလိုက်တယ် ..

နှင်းရင်ပြင်လွလွ ...
ကြေကွဲသူတွေမျက်ရည်ကျစေဖို့ ...
ရနံ့အ၀ါတွေဝတ်ဆင်ခဲ့တယ် ...။

ဆောင်းခိုငှက်လေး ...
ပြန်မရောက်လာတဲ့ အရှေ့မြောက် လေစီးထဲမှာ ...
သက်ပြင်းချသံတစ်ခု အက်ကွဲခဲ့ရပေါ့ ....။ ။

နွေဦးအလွမ်း said...

C'Box ကိုရှာလို့မတွေ့လို့ ပါ။ ကဗျာတွေကို ခံစားသွာပါတယ်။

tin min htet said...

မကြီးနော် ကျေးဇူးပါပဲ။ ခုမှ ဖတ်ဖူးတယ်။ သိမ်းဆည်းထားဖို့ တိုက်ခိုက်လုယက် သွားပါတယ်။