ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

တာရာမင်းဝေ ၏ ချစ်သူသို့ ကဗျာများ

Wednesday, March 4, 2009

ချစ်သူသို့ ဆိုတဲ့ကဗျာတွေကိုပြန်စုပြီးတင်ပေးလိုက်တာပါ။
ဘယ်သူ့ကိုရည်စူးပြီးရေးခဲ့တယ် ဆိုတာတော့ကဗျာဆရာ
မှပဲသိပါလိမ့်မယ်..း)



ချစ်သူ..သို့ (၁)

သံချေးတစ်ထပ်ရွှံ့တစ်ထပ်မို့လို့
သူတို့ရဲ့စိတ်အတင်အချကို
မင်း..ဘယ်လိုမှဖတ်ရမှာမဟုတ်ဘူး။

အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှု နဲ့ကိုယ်အိပ်လိုက်ပေါ့ကွယ်။

ချစ်သူရေ
လောကရဲ့မာယာဆိုတာ
အတီးခံရတဲ့ဗုံတွေရဲ့ဂီတပါပဲ။

စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
.....ဘာဖြစ်လဲ
ဝမ်းမနည်းကြေး တို့တွေရွာသွန်းကြရုံပေါ့။

ယုံကြည်ထားစမ်း
ရေငွေ့ရေခိုးကလည်း
ပင်လယ်ကိုစိုက်ပျိုးနိုင်တယ်...ဆိုတာ..။ ။
တာရာမင်းဝေ
၂၈.၈.၉၆


ချစ်သူ...သို့ (၂)
နတ်ဒေဝတာတွေ
ပျံသန်းလာသံကို ကြားရတယ်
ရင်ခွင်မှာမီးတောက် တန်းလန်းနဲ့
မိုးတွေချုန်းအောင် သူတို့လွမ်းပြပလေ့စေ။

မျက်တောင်လေးရေ
မြေပြင်ပေါ်မှာကိုယ်နဲ့နေရစ်ခဲ့။

သူတို့ရဲ့ ယန္တရားသော့ချိတ် နဲ့
ကိုယ်တို့ရဲ့မြေသောက်ရေအိုးလေးကို
အဖုံး လှမ်းမပိတ်နိုင်ပါဘူး။

မြင်းသည်တော်တွေနဲ့
...ကျော်မတက်နိုင်တဲ့အရပ်မှာ
စပါးပင်ကို ပျိုးကျဲနေကျလက်နဲ့ပဲ
မှုန်းဖွဲ့လို့ကိုယ်ခေါ်ဝံ့ပါရဲ့..
လိုက်ခဲ့တော့ကွယ်။ ။
တာရာမင်းဝေ


ချစ်သူ...သို့ (၃)
မြေကြီးဖြစ်မှတော့
မိုးလွတ်ပါ့မလား...လို့တွေးမနေနဲ့တေ့
ချစ်သူရေ...တို့တတွေပေခံလိုက်ကြစို့ရဲ့။

မသေချာတာတွေကတော့အများကြီးပဲ
ဒါပေမယ့်
သေချာတာလေးတွေလည်းရှိတတ်လို့
တို့...စောင့်...ရ ဦးမယ်။

(မကြာခင်မှာ
လင်းရနံ့တွေဝေလာမှာပါပဲ
ကိုယ်ယုံတယ်)
ဘယ်သူမဆို
မနက်ဖြန်ခါကိုတော့ နေထွက်ခွင့်ပေးရမယ်လေ။ ။
တာရာမင်းဝေ

ချစ်သူ..သို့ (၄)
မုရောအပွင့်တွေ
ပြီးတော့..သက်တံ အငွေ့
လခြမ်းလို..ပြန်ကွေ့လာကြလိမ့်မယ်။

ငါဆောင်းချင်တဲ့ထီးကလေးရေ..
ငါဆောင်းချင်တဲ့ထီးကလေးရေ..
ငါဆောင်းချင်တဲ့ထီးကလေးရေ..
မိုးသွန်ရာသီအတွက်
မကြာမီမှာထွန်ရေးဝင်ရတော့မယ်နော်

ငြိမ်သက်စွာ
သစ်ပင်အိုအောက်ကနတ်ကွန်းမှာ
ဖယောင်းတိုင်မီးရှုးတစ်တိုင်ညှိရင်း
(ဒီဆောင်းတွင်းထဲ..)
တို့တွေ..အလင်းခိုနေကြစို့ရဲ့..။ ။
တာရာမင်းဝေ


ချစ်သူ...သို့ (၅)
သုံးဆယ်ကျော်တာတောင် မလိမ္မာ ဘူး
ဒီအရွယ်ကြီးရောက်မှ စာမေးပွဲ'ကျ'တယ်
ညီမလေးရယ်.. ငါ့ကိုရိုက်ပါ..

နီကိုရဲ ထွန်းဝေမြင့် ...စသဖြင့်ပြန်သွားကြပြီ
ဘယ်ဆီကိုသွားဖို့ ငါကကျန်ခဲ့တာလဲ.....

ကိုယ့်ကို ကိုယ်တစ်ခန်းလုံး မီးဖွင့်ပြီး
ကပိုကရို ဖွင့် လိုက်တယ်...
ညီမလေးရယ်.. စိတ်ထဲမှာ စာမေးပွဲကျတယ်..

တကယ်တော့လည်း
လောကဓံ ဆိုတာ ကိုယ်ခံစားမှ ဖြစ်တဲ့အရာပါ...
လမ်းထိပ်ကခွေးကြီးထက် နည်းနည်းပဲ ပိုပါတယ်။

ဟော...
ကိုရင်တစ်ပါးက တုန်းမောင်ခေါက်သံလက်ဆောင်ပါးတယ်
မကြာခင်(၆)နာရီ နေဝန်းဆိုက်ရောက်တော့မှာပါတဲ့ ။

ညီမလေးရေ.....
မြင်းရထားတွေကို လက်ပြမတားတော့ဘူး
ကိုယ်ဖိနပ်လေးနဲ့ပဲ ကိုသွားကြမယ်။
အဝေးကြီးကို ရွေးလျားချင်မှတော့
လမ်းတို့ရဲ့ အလျားကိုလည်း..ရင်ဆိုင်ရဲရမှာပေါ့။ ။
တာရာမင်းဝေ

24 Comments:

လင်းဒီပ said...

ကြိုက်ပြီးသား ချစ်စရာ ကဗျာလေးတွေ...

လင်းဒီပ said...

ချစ်သူသို့ (၅) ကိုတော့ sidebar မှာ တင်ချင်လို့ ယူသွားပါတယ် အစ်မ..

ယောနသံစင်ရော် said...

အမရေ...ဖတ်ပြီးပြီ.. (ပြောချင်တဲ့ စကားတွေကများနေတယ်..
ဘယ်ကစပြောရမှန်းမသိတော့လို့ မရေးခဲ့တော့ဘူးနော်...)

မောင်ရှင်းသန့် said...

ဆရာ့ ကဗျာတွေအတွက် ကျေးဇူးတင်ကြောင်း ဘယ်လိုပြောရမှန်းမသိတော့ဘူးဗျာ ။

နောက်လည်း ထပ်ပြီး ဖတ်ချင်သေးပါတယ်ခင်ဗျာ ။

tg.nwai said...

မနော် နှစ်သက်တဲ့ ကဗျာလေးတွေ ဝေမျှပေးလို့ ကျေးဇူးပါလို့ ထပ်ပြောပါရစေ..။ ချစ်သူသို့ ၅ ကို ပို ခံစားရတယ်.. အဝေးကြီးကို ရွေ.လျားချင်မှတော့ လမ်းရဲ့အလျားကို ရင်ဆိုင်ရတော့မှာပေါ့တဲ့...

Moe Cho Thinn said...

လာဖတ်သွားပါတယ် မနော်။ လူတော် တယောက်.. နှမြောမိတယ်။

အိုင်လွယ်ပန် said...

ကဗျာတွေ အကုန်လုံးကြိုက်တယ်အစ်မ ...

Mhaw Sayar said...

နံပါတ် (1) ကို အကြိုက်ဆုံးပဲဗျာ.

ဘာတဲ့. "ရေငွေ့ရေခိုးကလည်း ပင်လယ်ကို စိုက်ပျိုးနိုင်တယ်"

၁၅ နှစ်သားလောက်ကတည်းက အားကျ၊ လေးစားရတဲ့ လူတစ်ယောက်ရဲ့ အဖွဲ့အနွဲ့တွေပါဗျာ။

ပြနမျှဝေပေးလို့ ကျေးဇူးပါ အစ်မရေ.

ဖြိုးငယ် said...

ဒီကဗျာလေးတွေကို ဖတ်ဖူးတယ် .. ကြိုက်ခဲ့တယ် .. ပထမဆုံးကဗျာလေးကိုတော့ တော်တော်ရင်းနှီး နေတယ် .. တော်တော်ကြိုက်လို့ ..
ဖတ်ပြီးတော့လည်း တစ်မျိုးကြီးပဲဗျာ .. ကျွန်တော်လည်း ရေးတက်ချင်လိုက်တာ

သက်အောင် said...

ဆရာ့  ကဗျာတွေဖတ်တိုင်း မျက်ရည် ဝဲနေဆဲပါပဲ ..
ဆရာ့  ကို ဆုံးရှံးရတာ အရမ်းနှမြောစရာကောင်းတယ် ..
ဆရာရဲ့ ကဗျာတွေစာတွေဟာ ကျနော့်အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပါပဲ..

လျံနိုး said...

ကောင်းတယ်ဗျာ..

koung kin said...

အရမ်း ကျေးဇူးတင်ပါတယ် ကျွန်တော့်ရင်ထဲမှာ အမြဲတမ်း သတိရနေတဲ့ စာရေးဆရာတစ်ယောက်ပါ ဘယ်တော့မှမငြိမ်းနိုင်တဲ့ မီးတောက်ပေါ့ အစ်မကို ကျေးဇူးတင်ပါတယ် အစ်မထွန်းညှိလိုက်လို့ ဖြာကျ လာတဲ့ ကဗျာတွေလို့ ခံစားမိပါတယ်

Unknown said...

ကြိုက်တယ်ဗျာ

ကိုသူရ said...

ဆရာ ... ပြန်လာခဲ့ပါ ။

Unknown said...

very good

Unknown said...

ကြိုက်တယ် ဟောင်းမသွားဘူး

Unknown said...

ိဘယ်တော့မှမရိုးသွားဘူးဗျာ။

Unknown said...

အရမ်းကြိုက်တယ်ဗျာ ယူထားမယ်နော်

Unknown said...

ကြိုက်တယ်ဗျာ

Unknown said...

ကြိုက်တယ်ဗျာ

Unknown said...

like

Unknown said...

like

Unknown said...

good

Unknown said...

ဆရာ ရှိ​နေ​စေချင်​​သေးတယ်​။