ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

တစ်မိုးတည်းအောက်မှာ

Monday, December 8, 2008

ကျွန်မရဲ့ကဗျာစာအုပ်ငယ်လေးတွေထဲကတစ်အုပ်ပါ။ တစ်မိုးတည်းအောက်မှာ တဲ့။
စာအုပ်ကလေးက အိမ်ပြောင်းဖို့ပစ္စည်းတွေသိမ်းရင်းရှာမတွေ့ဘူး။ခု..သူငယ်ချင်း
တင်မင်းထက်က အဲဒီစာအုပ်လေးပို့ပေးတာနဲ့ပြန်ရိုက်တင်လိုက်တာ။

တစ်မိုးတည်းအောက်မှာ


ပင်လယ်
မြစ်တွေက
ငါ့ဆီကျမှ
ချစ်ခြင်းဆုံခွင့်ရသတဲ့။

ငါကတော့
အဖော်မဲ့ပေါ့။ ။
နီမာရှင်း

The Sea
All the rivers have a chance
To love each other
When they reached in me…

As for me
How lonely I am !!
Ni Mar Shin
Translated by Nyi Sin Thit

တနင်္ဂနွေနှင့်သူ၏မိတ်ဆွေများအကြောင်း

တနင်္ဂနွေဟာ
သူ့ဘဝသူကျေနပ်နေပုံမျိုးနဲ့
ပြိုးပြက်ဝင်းလက် ချယ်သ
မှန်ရှေ့က ထလာတယ်….။
ပြီးတော့
အသစ်ဟန်ဆောင်ထားတဲ့
နံနက်ခင်းကို နှုတ်ဆက်
အလင်းတစ်ဝက်၊ အိပ်မက်တစ်ခြမ်း
မနေ့ကထိ ငုံဆဲပန်းတို့
ပွင့်လင်းဖို့ အချိန်တန်ပြီတဲ့
မာန်ဝင့် ကြွေးကျော်လိုက်တယ်….။
သူ့ရဲ့ကြည်နူးပီတိတွေဟာ
အရပ်ဆယ်မျက်နှာ မျောလွင့်
ကတ္တီပါကားလိပ်ကို ဖွင့်တယ်
ပန်းခြံဝင်းပေါက်ကို ဖွင့်တယ်….။
နီယွန်မီးခလုတ်ကို ဖွင့်တယ်
ဘီယာပုလင်းကို ဖွင့်တယ်
ကာရာအိုကေကက်ဆက်ကို ဖွင့်တယ်
မင်္ဂလာခန်းမ်ကို ဖွင့်တယ်
သူကိုယ်ပိုင် လက်ချောင်းတွေနဲ့ပေါ့….။
သူ့လက်ထဲက ကပ်ကျေးနဲ့
ဖဲကြိုးကိုဖြတ်အပြီး
ကောင်းကင် ခရီးသွား
မိုးပျံပူဖောင်းများကို ကြည့်လို့
တနင်္ဂနွေဟာ
အားပါးတရ ရယ်မောလေရဲ့
တနင်္ဂနွေဖြစ်ရတာ
အမြင့်မြတ်ဆုံး ဆိုပဲ….။
ဒါပေါ့…
သူ့လောက ကျဉ်းကျဉ်းကလေးထဲ
သူသိခွင့်ရသမျှကလည်း
ပေါက်ကွဲ ဂီတ
ရင်ခုန်ညရဲ့ နှင်းဆီ
ယစ်မူးရီဝေ စက်ကဖြစ်တဲ့လေနဲ့
အပျော်ကျူးတတ်တဲ့ နာရီတွေကိုး….။
တကယ်လို့များ
တနင်္ဂနွေဟာ
လောကကြီးက ဒီထက်ကျယ်ပြန့်ပြီး
သူမသိတာတွေ အများကြီးရှိသေးတဲ့အကြောင်း
သူသိသွားပြီး
အဲဒီ သူမသိသေးတာတွေကိုပါ
ထပ်ပြီးသိသွားဦးမယ် ဆိုရင်လေ….။ ။
ဒတ္ထ

မနက်ဖြန်မှာပွင့်မယ့်နှင်းဆီတစ်ပွင့်အတွက်ရင်းနှီးမြုပ်နှံမှု
အမှန်တရား

ရက်စက်ခြင်း
ကဗျာ
သေဆုံးခြင်း
ချစ်သူ ။ ။
မိုးသွေး


ဆက်ရန် ...း)

2 Comments:

Zephyr said...

ဒတ္တရဲ့ ကဗျာ နှစ်ပုဒ်သုံးပုဒ် လောက်ပဲဖတ်ဖူးတယ် ..။
ဒီဒတ္တက အားလုံးကို စွန့်လွှတ်ရရင်တောင် သတိရခြင်းတွေ ငါပိုင်တယ် ...ဆိုတဲ့ ဒတ္တ မဟုတ်လားအစ်မ ။ သူ့ရဲ့တစ်ခြားကဗျာတွေကိုလည်း အဆင်ပြေရင် တင်ပေးပါဦးလို့ တောင်းဆိုလိုက်ပါတယ် ....။

Kyaw Zin said...

ဒတ္ထ ရဲ့ အ​မေ ကဗျာကို ရှိရင်​ ဖတ်​ချင်​ပါတယ်​ခင်​ဗျာ။ ငယ်​ငယ်​ကဖတိဘူ?​ပေမယ့်​ ခုမမှတ်​မိ​တော့လို့ပါ။ ​ကျေးဇူးတင်​လျက်​။