ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

ဆန်ရေတစ်ပွက်နဲ့ပင်လယ်ရေထည့်တဲ့ပုလင်း

Monday, November 24, 2008

ဆန်ရေတစ်ပွက်

သားပေးတာက
ကွမ်းတစ်ယာနဲပလက်ဖက်တစ်ရိုး။

အမေ့ရင်ထဲမှာ
ဝမ်းသာလိုက်တာက
စိန်တစ်ဆင်စာနဲ့ငွေတစ်အိုး..။ ။
ဌေးကြည်(စလင်း)


ဒါက ဦးဌေးကြည်ရဲ့ ၁၉၉၂လောက်ကလက်ရာပါ။ ကျွန်မ ၁၉၉၂ မတ်၊မဟေသီမဂ္ဂဇင်းထဲ
ကကူးထားခဲ့တာပါ။
ဒီကဗျာကတော့ ၂၀၀၈ ဒီဇင်ဘာ အိုင်ဒီယာမဂ္ဂဇင်းထဲက ဦးဌေးကြည်ရဲ့လက်ရာဖြစ်ပါတယ်။

ပင်လယ်ရေထည့်တဲ့ပုလင်း
ဘယ်သူမှအရောက်ကြသေးဘူး
ခြောက်နာရီထိုးသွားပြီ
မနက်နဲ့ညနေဆိုတာနာရီရဲ့ကိစ္စ
ဘယ်လိုပဲချိုးချိုးခေါက်ရိုးမကျိုးတာဘ၀တဲ့
ချစ်သူတွေရိုက်ကွင်းထဲအမုန်းတွေဖြတ်လျှောက်မလုပ်နဲ့။

ကိုယ်ကတော့
ကိုယ့်ရင်တစ်ခုလုံးတထောင်းထောင်းထအောင်ဖြတ်မောင်းသွားတဲ့
ပန်းနုရောင်မလေးရဲ့အကြောင်းရိုးရိုးကိုပဲ
တစ်မိုးလုံးအသံရှာပြီး
နွေရာသီအထိမော့သောက်နေတော့မယ်။ .
ဌေးကြည်(စလင်း)



ဦးဌေးကြည်က မော်ဒန်ကဗျာအရေးကောင်းသူတစ်ယောက်ပါ။ဒါပေမယ့်သူ့လက်ရှိအသက်
မွေးဝမ်းကြောင်းမှုက ပြဇာတ်ရေးဆရာဖြစ်ပါတယ်။ အရင်က အနုပညာဌေးကြည်(စလင်း)ဆို
ပြီးရေးပေမယ့် အဲဒီ ၁၉၉၀ ကျော်ပိုင်းကစလို့ ဌေးကြည်(စလင်း)လို့ပဲသုံးခဲ့ပါတယ်။
နယ်လှည့်ပြီးဇာတ်အဖွဲ့တွေနဲ့ပြဇာတ်ရေးရလို့ ကဗျာပါလာရင်တော်တော်နဲ့လာမထုတ်တတ်တဲ့
ဦးဌေးကြည်အတွက် ကျွန်မက စာအုပ်နဲ့စာမူခကိုထုတ်ပြီးသိမ်းထားပေးရတတ်ပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်မတို့ မဂ္ဂဇင်းတိုက်တော်တော်များများရဲ့မူကလည်း သုံးလကျော်သွားရင်
စာအုပ်ကောစာမူခရောမပေးတော့ပါဘူး။ မပေးဘူးဆိုရာမှာ စာအုပ်က အရမ်းခက်ခဲသွားတာဖြစ်
ပြီးစာမူခက အဲဒီအချိန်မှာစာရင်းပိတ်ပြီးသွားပါပြီ။ ဒီတော့ ကဗျာဆရာတွေကိုနားလည်တဲ့ကျွန်မ
ကပဲ ကိုယ်နဲ့သိရင်သိမ်းထားပေးလိုက်ပါတယ်။ မသိတဲ့သူတွေကျတော့လည်းမှာရပါတယ်။စာအုပ်
ထွက်တဲ့အချိန်မှာအဝေးရောက်နေရင်ဖုန်းကြိုဆက်ပေးထားပါပေါ့။ဒါဆိုကျွန်မတို့က သီးသန့်ဖယ်
ထားပေးပါတယ်။တချို့ကျတော့လည်းမဂ္ဂဇင်းမှာဘယ်နှစ်ခါပါပါတစ်ခါမှစာအုပ်ကော စာမူခရော
ဘယ်တော့မှလာမထုတ်သူတွေလည်းရှိနေတဲ့အတွက်ပါ။
အဲဒီလိုစာအုပ်ချန်ထားပေးတဲ့ ကျွန်မကိုဦးဌေးကြည်က ရောက်လာရင်အညာမုန့်တွေယူလာပေး
တတ်ပါတယ်။ ရမယ့်စာမူခနဲ့ သူဝယ်လာရတာနဲ့ မကာမိပါဘူး။ဒါပေမယ့် ကဗျာဆရာဆိုတာ
ကလည်း စာမျက်နှာပေါ်က စာလုံးနဲ့သူ့ကဗျာရတဲ့စာမူခထက်ပိုပြီးတန်ဖိုးထားတဲ့သူတွေဆိုတော့
...

4 Comments:

D Soe said...

ဆန်ရေတစ်ပွက်ကို ကြိုက်တယ်။

Anonymous said...

LOVELY! what you've doe for them and what they've returned to you is LOVELY! spiritual beauty!!!

:P said...

D Soe နဲ့ အတူတူပဲ ဆန်ရေတစ်ပွက်ကို ကြိုက်တယ်။

Thein Min Htike said...

ကျွန်တော့်ဇာတိက စလင်းမြို့နယ်ထဲကပါ။

ငယ်ငယ်ကတည်းက စလင်းပွဲတော်မှာ ဦးဌေးကြည်အကြောင်း ကြားဖူးပြီး လေးစားမိခဲ့ပါတယ်။

ဆန်ရေတစ်ပွက်ကတော့ ကျွန်တော်တို့ အကြိုက်ဆုံး ကဗျာလေးပါ။

သူ့ပုံလေးတွေ ရှိရင် တင်ပေးပါ့လား။ မြင်ဖူးချင်လို့ပါ။