ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

လူတစ်ယောက်မျောက်တစ်ကောင်

Sunday, November 23, 2008

ဒါလည်း ဦးကြည်အောင် ကဗျာပါပဲ။ဖတ်ပြီးပြုံးလို့ရသလို အတွေးလည်းပွားလို့ကောင်းပါတယ်။

လူတစ်ယောက်၊မျောက်တစ်ကောင်

စည်းနဲ့ဗျောက်
ချွင်ခေါက်

မျောက်ကား
မင်းသား

တေးဟစ်ကြော်
လမ်းပေါ်သွား

လူကား
သူတောင်းစား။ ။
ကြည်အောင်

2 Comments:

Anonymous said...

:) ကောင်းတယ်ဗျို့...။ ဖတ်ပြီး တွေးရတယ်။

Anonymous said...

နာတို့ကမျောက်လား
လူလားဟင်

လောလောဆယ်တော့
ကိုယ့်ကိုယ်ကိုယ်မျောက်လို့ထင်တာဘဲ

ငှဲငှဲငှဲ............