ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။ စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် .. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်

ကဗျာ
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း

သစ္စာတိုင်

Saturday, November 22, 2008

ဒီဘလော့ခ်လေးက ကျွန်မငယ်ငယ်တည်းက ကြိုက်နှစ်သက်လို့ကူးယူထားတဲ့ကဗျာလေးတွေကိုတင်ပေးသွား
မှာဖြစ်ပါတယ်။
ပထမဆုံး တချိန်က ကျွန်မသဘောကျခဲ့တဲ့ ဦးကြည်အောင်ရဲ့ ကဗျာနဲ့စလိုက်ချင်ပါတယ်။ နောက်ပိုင်းမှာ
တော့ဦးကြည်အောင်ရဲ့ကဗျာလေးတွေက အနံ့အသက်တစ်ခုပါလာသလို လို့ ကျွန်မရဲ့ တစ်ဦးတည်းခံစားချက်
နဲ့ ခံစားမိပါတယ်။ ဟုတ်ချင်မှလည်းဟုတ်ပါလိမ့်မယ်။
အင်းဝ က ကဗျာဆရာတစ်ယောက်ဖြစ်ပြီး သူ့ကဗျာစာမူလေးက အပ်ချည်ကြိုးလေးနဲ့တွဲချုပ်ထားတတ်တာကို
တွေ့ဖူးခဲ့တယ်။ ချုပ်စက်နဲ့ချုပ်ရမယ့်နေရာမှာ ဦးကြည်အောင်ရဲ့မေမေ (အဲဒီ ၁၉၉၀ကာလက အသက် ၈၀
လောက်ရှိမယ်)ကအပ်ချည်ကြိုးလေးနဲ့စိတ်ရှည်လက်ရှည်သီချုပ်တွဲပေးထားတာကို အမှတ်တရဖြစ်ပြီးခုထိ
သတိရနေတတ်တယ်။

သစ္စာတိုင်

ဒီတောင်ရိုး
ကျားဆိုးပေါရဲ့။

မောင့်အချစ်
မျှစ်ချိုးလိုက်ခဲ့..။ ။

ကြည်အောင်

သေအတူရှင်မကွာဖြစ်ချင်တာကိုပြတယ်လို့ ကျွန်မက အဲဒီကတည်းက မမြင်ခဲ့ဘူး...း)
ဘယ်လိုမြင်ကြမလဲ..သိချင်လိုက်တာ..

14 Comments:

Anonymous said...

sayama,
i used to have that book too
once you read Thit Sar Taing, you will never forget it. it really stay in the heart. yeah i even copied it. i wrote exactly 4 lines and titled it with 3 siblings many years ago. it should be called THE WANDERER i think. just for personal fun!

"TWAY WAY THU"

Nga Nar Ye Myar
Nga Arr Htar Yit.

Nga Yet Tan Foe
Tha Khoe Khoe Lit.

LEFT WING POETRY IS STRONG AND CLASSIC!!!
thanks!!!

ATN said...

သေအတူ ရှင်မကွာတင်မကဘူးလေ
အားအကိုးခံချင်တာကိုလည်း ပြနေတာပါပဲ
ယောက်ျားတွေရဲ့ ဆန္ဒပေါ့လေ...

D Soe said...

ကဗျာလေးကို ကြိုက်တယ်။ သူ့ချစ်သူကို တော်တော် နာကျည်းနေပုံရတယ်။
အဲ့လို ကဗျာမျိုးလေးတွေ ရေးတတ်ချင်လိုက်တာ။

ကိုရင်ညိန်း said...

ကောင်းတယ်ုကိုက်တယ် မဝေဖန်တတ်ဘူးဗျ .. အဟေးဟေး

မောင်ပိစိ said...

မိုက်တယ်.. ထိချက်က :)

A Linn Nyi said...

အတူ စွန့်စားရအောင်လိုက်ခဲ့၊ ကျားဆိုးတွေရန်ကို မမှုလောက်အောင် သူကာကွယ်နိုင်တာကို ယုံစေချင်တာလဲ ပါတယ်လို့ ထင်တာပဲ။ ဟုတ်မဟုတ်မသိဘူး။ ကျွန်မ ကဗျာတွေ အများကြီးမဖတ်ဖူးဘူး။ နော်တင်ပေးထားတာ ကျေးဇူးပဲ။

pandora said...

ကြောက်တတ်၍ အဖော်ခေါ်တာလား သစ္စာတိုင်ပြီးမှတော့လည်း လိုက်ရတော့မှာပေါ့။

အခြားတဖက်က တွေးကြည့်တာပါ။

Zephyr said...

ပျော်တတ်တဲ့သူပဲ ...
... သူ့ကောင်မလေးကို စ တာနေမှာပေါ့ ...

ဂလိုပဲခံစားရတယ် ..

သေအတူ ရှင်မကွာ ဆိုတာကလည်း ... ကိုယ်တကယ်ချစ်တဲ့သူကို အတူတူသေစေချင်တဲ့သူ(အတ္တဘောကြီး) ထွင်ခဲ့တဲ့ စကားပုံဖြစ်မှာပါ ... ။

နောက်တစ်ခုဖြစ်နိုင်တာက သူ့မိန်းမက circus မှာ ကျားထိန်း လုပ်တာလည်းဖြစ်နိုင်သေးတယ် အစ်မရေ...။ :)

:P said...

နောက်တာ ထင်တယ်... ဟိဟိ

Anonymous said...

ဒီကဗျာကို ဖတ်ဖူးတယ်။ ဒါပေမယ့် ဦးကြည်အောင် ရေးတာလို့ မသိဘူးဗျ။ လေးကြောင်းတည်းနဲ့ အဓိပ္ပာယ်ထိတဲ့ ကဗျာလေးပဲဗျ။

Anonymous said...

ကျွန်တော်ထင်တာက...

အချစ်ရယ် အေးအေးဆေးဆေး မျှစ်ချိုးဖို့ လိုက်ခဲ့စမ်းပါ။ ကိုယ်ရှိနေရင် ဒီလိုကျားဆိုးပေါ်တဲ့ တောင်မျိုးကိုလည်း ကြောက်စရာမလိုပါဘူး... လို့ ဆိုလိုတာ ထင်တယ်။ ဒါကြောင့်လည်း ကဗျာခေါင်းစဉ်ကို `သစ္စာတိုင်´ လို့ ပေးထားတာလို့ ထင်တယ်။

Anonymous said...

ကိုဟန်သစ်ငြိမ်ပြော သလိုပဲ ထင်တာပဲ။
ဒါပေမယ့် ပိုပြီးအားကိုးချင်လွန်းလို့ပါ။
ချစ်မလိုက်တော့ဘူး မောင်ပဲ
မျှစ်လေးသွားချိုးပေးပါ မောင်ရယ်လို့
ပြောမိမလားမသိ။

Anonymous said...

ကိုယ်လဲပြန်ခေါ်မယ်လေ

အဲဒါဆိုရင်
ကိုယ်ချစ်သော
ယောကျာင်္းဘသား
လိုက်ဝံ့ပါ့မလားလို့
( ယုံယုံကြည်ကြည်နဲ့)

စဉ်းစားစရာ..............

mabaydar said...

မောင့်အချစ်က ကျားဆိုးထက်ဆိုးနေလားမသိဘူးနော်.. အဲလိုတွေးမိတယ်.. ဟိ.ဟိ..